“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် ဟိုပန်မြို့ရှိ မြန်မာ့ရိုးရာ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်သို့သွားရောက်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် ဟိုပန်မြို့ရှိ မြန်မာ့ရိုးရာ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်သို့သွားရောက်ကြည့်ရှုအားပေး





MNP - ဧပြီ   ၁၆

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်နှင့် ဇနီး ဒေါ်အားရီတို့သည်  စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့်အတူ မြန်မာသက္ကရာဇ်  ၁၃၈၃ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည့် ဟိုပန်မြို့ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုကွင်းအတွင်းရှိ အတာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ယမန်နေ့ သင်္ကြန် အကြတ်နေ့ ညေနပိုင်းအစီအစဉ် မြန်မာ့ရိုးရာယဉ်ကျေးမှု ယိမ်းအကအလှများ ကပြဖျော်ဖြေ တင်ဆက်နေမှု များအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

 မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ဟိုပန် မြို့နယ်ရှိ ဌာနဆိုင်ရာ  သင်္ကြန် ယိမ်းအက အဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်များရှိ သင်္ကြန် ယိမ်းအကအဖွဲ့များနှင့် သင်္ကြန်ချစ် ပြည်သူများက ခေတ်ပေါ် တေးဂီတတေး သီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ၎င်းယိမ်းအကအလှအဖွဲ့များအား ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်၊ သင်္ကြန်အကြိုနေ့မှ စတင်၍ ရေကစားသူ၊ ရေပက်ခံသူများအား စတုဒိသာ အလှူဒါနကျွေးမွေး အစီအစဉ်များနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု ယိမ်းအကအလှအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်ကပြမှုများနှင့်အတူ အေးချမ်းပျော်ရွင်စွာ ကျင်းပလျက်ရှိရာ ဧပြီလ ၁၆ ရက်၊ သင်္ကြန်အတက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

သတင်း - ဇင်ဇင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)