ထန်းတပင်မြို့နယ်တွင် ကျောင်းတွင်းစစ် စာမေးပွဲအောင်စာရင်းများကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်းတပင်မြို့နယ်တွင် ကျောင်းတွင်းစစ် စာမေးပွဲအောင်စာရင်းများကြေညာ



MNP - ဧပြီ   ၂၅

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ၏ ကျောင်းတွင်းစစ် စာမေးပွဲအောင်စာရင်းကို ဧပြီလ (၂၄) ရက်နေ့၊ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ သက်ဆိုင်ရာအခြေခံပညာကျောင်းများအလိုက် ထုတ်ပြန်ကြေညာခဲ့ကြကြောင်း သိရသည်။

အခြေခံပညာကျောင်းများ၏ ကျောင်းတွင်းစစ်စာမေးပွဲအောင်စာရင်းကို သက်ဆိုင်ရာကျောင်းများအလိုက် ထုတ်ပြန်ကြေညာရာတွင်လည်းကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများလာရောက်ကြည့်ရှုလျက် ရှိကြောင်းလည်းသိရသည်။

ထန်းတပင်မြို့နယ်အတွင်း အခြေခံပညာကျောင်း (၁၄၉)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၄) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂)ကျောင်းရှိပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံမှုများကိုလည်း မေလ (၂၅) ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။               

သတင်း  - ဇင်မင်းထိုက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)