မိုးညှင်းမြို့၌ စစ်ရှောင်စခန်းမှ အိမ်ထောင်စုဝင်များအား စေတနာအလှူရှင်တစ်ဦးမှ စားသောက်ကုန်များနှင့် ဆေးဝါးများ ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့၌ စစ်ရှောင်စခန်းမှ အိမ်ထောင်စုဝင်များအား စေတနာအလှူရှင်တစ်ဦးမှ စားသောက်ကုန်များနှင့် ဆေးဝါးများ ထောက်ပံ့



MNP  -  ဧပြီ    ၃၀

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ အောင်သပြေ(၃)ရပ်ကွက်ရှိ စစ်ရှောင်စခန်းမှ တိုက်ပွဲရှောင် အိမ်ထောင်စုဝင် များအား ဧပြီ(၃၀)ရက် နံနက်(၁၀)နာရီက စေတနာအလှူရှင်တစ်ဦးမှ စားသောက်ကုန်များနှင့်ဆေးဝါးများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ပေးအပ်ရာတွင် မိုးညှင်းမြို့စိမ်းရတနာမွန် တောင်ရပ်ကွက်နေ တိုင်းရင်းဆေးကောင်စီဝင် ဦးခင်မောင်ဝင်း(တဆ/၂၂၅၆) တြိဖလဆေးတိုက်မှ စစ်ရှောင်စခန်းရှိ တိုက်ပွဲရှောင်အိမ်ထောင်စု (၁၁)စုအတွက် အိမ်ထောင်စုတစ်စုလျင် ဆန်(၄)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား၊ ကုလားပဲ၊ ငပိ၊ ရွှေဝါဆပ်ပြာနှင့် အိမ်သုံးတိုင်းရင်းဆေး တို့အား ထောက်ပံ့ပေးအပ်ရာ စစ်ရှောင်စခန်းတာဝန်ခံ ဦးနော်အောင်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - ဇွဲသူရအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)