Pages

Pages

အင်္ကျီကြယ်သီးတပ်ပြိုင်ပွဲ ကျင်းပ



MNP - ဧပြီ   ၂၇

ကျန်းမာကြံ့ခိုင်ပြီး သွက်လက်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ အင်္ကျီကြယ်သီးတပ်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀နာရီက မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးမောင်မောင်က ပြိုင်ပွဲကို ကျင်းပခြင်း ရည် ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ မြို့နယ်စာကြည့်တိုက်တွင် လာရောက်စာဖတ်ကြသော ကျောင်းသားကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများကို ဒုတိယဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများချီမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း -  ထိပ်ထားနိုင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment