Pages

Pages

တပ်ကုန်းမြို့၌ ကုန်ကူးမှုအန္တရာယ်များအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသိပညာပေး( Talk Show )ဆောင်ရွက်



MNP - ဧပြီ    ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး (Talk Show) အစီအစဉ်ဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနရှိ (Community  Centre)ခန်းမတွင် ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ် ဦးစီးမှူးဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင် များဖြစ်သည့် ဒေါ်သင်းသင်းလှိုင်(သင်းသင်းလှိုင်-တပ်ကုန်း)၊ ဒေါ်မြသန္တာ (မြပုလဲ)တို့က လူကုန် ကူးမှုဆိုတဲ့အဓိပ္ပာယ်၊ လူကုန်ကူးမှုဖြစ်ပွားစေသော အဓိကအကြောင်းအရင်း၊ လူကုန်ကူးသူများ အသုံးပြုသောနည်းလမ်းများ၊ လူကုန်ကူးမခံရစေရန် သတိပြုရမဲ့အချက်များ၊ လူကုန်ကူးခံရခြင်း ကြောင့် ရရှိလာမဲ့ဆိုးကျိုးများအကြောင်းတို့ကို ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဆွေးနွေးကျင်းပခဲ့သည့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး (Talk Show) အပြည့်အစုံကို တပ်ကုန်းမြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook page တွင် ဆက်လက်­တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - တင်စိုးလွင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment