MNP - ဧပြီ ၁
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပုသိမ်ခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး ကျင်းပသော (၂၀၂၂) ခုနှစ် ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၇) မြို့နယ်အမျိုးသား အမျိုးသမီး ကြံခိုင်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၈ နာရီ အချိန်က ပုသိမ်မြို့ ကိုးသိန်းအားကစား ကွင်း၌ ကျင်းပသည်။
အမျိုးသား/အမျိုးသမီး ကြံခိုင်စွမ်းရည်ပြိုင်ပွဲတွင် တစ်မြို့နယ်လျှင် အမျိုးသား(၃) ဦး အမျိုးသမီး (၃)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ (၇) မြို့နယ်မှ စုစုပေါင်းအားကစားသမား (၄၂) တို့ ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။
ပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဆုများပေးအပ်ရာ ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလင်း ကိုကိုနှင့် အဖွဲ့ဝင်များ၊ ပုသိမ်ခရိုင်အားကစား နှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြား ရေးမှူး ဦးသိန်းစံတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ကြံ့ခိုင်စွမ်းရည်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလား ကိုကျောင်းကုန်းမြို့နယ်က ရရှိခဲ့ရာပုသိမ်ခရိုင်၊ စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကိုမှ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment