MNP - ဧပြီ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်တွင် ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အခြေခံကျသည့် အိမ်ထောင်စု လူဦးရေစာရင်းများ တိကျမှန်ကန်စေရေးအတွက် မြေပြင်အမှန်ကောက်ယူရရှိခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်း များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် တိုက်ဆိုင်စစ်ဆေး လျက်ရှိ ကြောင်း သိရသည်။
ထိုသို့ မြေပြင်အမှန်ကောက်ယူခဲ့သည့် အခြေခံအိမ်ထောင်စု လူဦးရေစာရင်းများကို ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဆိုင်ရာ၊မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာ စာရေး များနှင့်အတူ တိုက်ဆိုင်စစ်ဆေးနေမှုတို့အား ဧပြီလ ၆ ရက်နေ့ မွန်းလွဲပိုင်းက ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ် ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ကျေးရွာတာဝန်ခံများနှင့် ရပ်ကွက်/ကျေးရွာစာရေးများ ပူးပေါင်းမှုဖြင့် ကောက်ယူရရှိခဲ့သည့် မြေပြင်ရှိအိမ်ထောင်စု လူဦးရေ စာရင်းများအား ပြည့်စုံတိကျမှန်ကန်စေရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ၊ မြို့နယ်ဦးစီးမှူးရုံးမှ စာရင်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ စာရင်းများ ဖြင့် တိုက်ဆိုင်စစ်ဆေး ရေးသွင်းလျက်ရှိပြီး လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်း များကို သတ်မှတ်ကာလအတွင်း အမြန်ဆုံးပြီးစီးရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - မော်လိုက်သားလေး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment