ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန၌ “စနစ်တကျ အမှိုက်စွန့်ပစ်ရေးနှင့် ပလပ်စတစ်အန္တရာယ် လျှော့ချရေး” ခေါင်းစဉ်ဖြင့် Talk Show ဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန၌ “စနစ်တကျ အမှိုက်စွန့်ပစ်ရေးနှင့် ပလပ်စတစ်အန္တရာယ် လျှော့ချရေး” ခေါင်းစဉ်ဖြင့် Talk Show ဆွေးနွေးပွဲကျင်းပ


MNP - ဧပြီ    ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ “စနစ်တကျ အမှိုက်စွန့်ပစ်ရေးနှင့် ပလပ်စတစ်အန္တရာယ်လျှော့ချရေး” ခေါင်းစဉ်ဖြင့် Talk Show ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။ 

ဆွေးနွေးပွဲတွင် ကလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းမင်းအောင်မှ သဘာဝပတ်ဝန်းကျင် သာယာလှပရေးနှင့် ပြည်သူများ အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာစေရန် အတွက် ဆွေးနွေးပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ဦးစွာဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီရိဇင်မှ  “စနစ်တကျ အမှိုက်စွန့်ပစ်ရေးနှင့် ပလပ်စတစ်အန္တရာယ်လျှော့ချရေး” နှင့်ပတ်သက်၍ ဆွေးနွေးရာတွင် အမှိုက်များကို စနစ်တကျ စွန့်ပစ်မှုမရှိသောကြောင့် သဘာဝအရင်းမြစ်များကို ထိခိုက်ပျက်စီးပြီး မြေထုညစ်ညမ်းခြင်း၊ ရေထုညစ်ညမ်းခြင်း၊ လေထုညစ်ညမ်းခြင်းများကြောင့် သက်ရှိသတ္တဝါများ ထိခိုက်ပျက်စီးခြင်းများ၊ ပလပ်စတစ် အသုံးပြုခြင်းမှတဆင့် လူသားများ အစားအသောက်နှင့်ပတ်သက်၍ အန္တရာယ်ရှိခြင်းများနှင့် စွန့်ပစ်ပစ္စည်းများ ပြန်လည်အသုံးပြုခြင်းနှင့် ဆိုင်သည့် အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေး စာဖတ်ဝိုင်းများအပြင် ဌာဆိုင်ရာမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲများကို နှစ်ပတ်လျှင်တစ်ကြိမ်  ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)