သိန္နီမြို့နယ်တွင် လူငယ်များ ဗလ(၅)တန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာဟောပြောပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သိန္နီမြို့နယ်တွင် လူငယ်များ ဗလ(၅)တန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာဟောပြောပွဲ ကျင်းပ


MNP - ဧပြီ   ၇

နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိရာတွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ ဗလ(၅)တန် ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ ဘက်စုံထူးချွန်စေရန်၊ ပညာရဲရင့်ပွဲလည်တင့်စေရန်ရည်ရွယ်၍ သိန္နီမြို့၊ အမှတ်(၁၆)၊ တပ်နယ်ခန်းမတွင် ယမန်နေ့၊ မွန်းလွဲ ၂ နာရီအချိန်တွင် လူငယ်ရေးရာဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ သိန္နီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယဦးစီးမှူး ဦးမင်းဇာနည်က လူငယ်ရေးရာဟောပြောပွဲကို အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒေါ်ပပဝင်း(ဦးစီးအရာရှိ)က “လူငယ်နှင့် အားကစား” ခေါင်းစဉ်ဖြင့် လူငယ်များအားကစားတွင် ထူးချွန်းအောင်ဆောင်ရွက်၍ နိုင်ငံ့ဂုဏ် မြှင့်တင်ဆောင်ရွက်ရန်၊ လူငယ်များတွင် အားကစားကိုစိတ်ပါဝင်စားစွာဖြင့် ဘဝကို တည်ဆောက်လိုပါက တောင်ကြီးမြို့၊ အားကစားသင်တန်းကျောင်းအား တက်ရောက်နိုင်မှု အခြေအနေများ၊ လူငယ်များအနေဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနက ထောက်ပံ့ပေးနိုင်မှု အခြေအနေ များကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဥမ္မာချို (ဦးစီးအရာရှိ)က “လူငယ်နှင့်အသိပညာ”ခေါင်းစဉ်ဖြင့် လူငယ်များ အသိပညာဖြင့် နိုင်ငံတော် တည်ဆောက်ရာတွင် အားကိုးယုံကြည်ထိုက်သော လူငယ်များပေါ်ထွန်းလာရေး၊ လူငယ်များ အနေဖြင့် ရည်မှန်းချက်ပန်းတိုင်သို့ အရောက် သွားရမည့် နည်းလမ်းများ၊ လူငယ်များတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများ၊ လူငယ်များ စိတ်ဓာတ်ကြံ့ခိုင်စေရေးစသည့် အချက်များအား လည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးက  “လူငယ်နှင့် စိတ်ဓာတ် စည်းကမ်း ပညာ”ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအား  စည်းကမ်းအစ အမျိုးသားကျောင်းကစတင်ကြောင်း၊ စိတ်ဓာတ်ကောင်းမွန်သော ကျောင်းသား/သူများဖြင့် နိုင်ငံကို တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် ကျောင်းစည်းကမ်း၊ အိမ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အခြေခံအားဖြင့် လိုက်နာရမည်ဖြစ်ကြောင်း စသည့်အကြောင်းအရာများကို အသီးသီးပြောကြားသည်။

ထို့နောက် ဟောပြောပွဲအခမ်းအနားတွင် တက်ရောက်လာကြသော ကျောင်းသား/သူများက အေရိုးဗစ်အကများဖြင့် သရုပ်ပြခြင်း၊ ဘောလုံးအားကစားနည်းဖြင့် သရုပ်ပြခြင်း၊ မြန်မာ့သိုင်းအားကစား နည်းဖြင့် သရုပ်ပြခြင်းများဆောင်ရွက်ကြသည်။ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/သူ၊ လူငယ် (၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း - စောဥမ္မာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)