ကျောက်ကြီးမြို့နယ်၌ နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက်များအား Computer Software programme ဖြင့် ထိန်းသိမ်းနိုင်ရေးစာရင်းရေးသွင်းခြင်း လုပ်ငန်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ကြီးမြို့နယ်၌ နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက်များအား Computer Software programme ဖြင့် ထိန်းသိမ်းနိုင်ရေးစာရင်းရေးသွင်းခြင်း လုပ်ငန်းဆောင်ရွက်


MNP - ဧပြီ    ၇

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်းကစတင်ပြီး နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက်များ နိုင်(၄)မှတ်တမ်းများအား Computer Software programme ဖြင့် ထိန်းသိမ်းနိုင်ရေးစာရင်းရေးသွင်းခြင်း လုပ်ငန်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်နိုင်ရန် ကျောက်ကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများမှ Computer ကျွမ်းကျင် သူဝန်ထမ်းများ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ စုစုပေါင်း ဝန်ထမ်းအင်အား (၃၀)ဦးဖြင့် သတ်မှတ်ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်လျှက်ရှိပြီး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုခဲ့ကြသည်။

ကျောက်ကြီးမြို့နယ်တွင် နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက်များ နိုင်(၄)မှတ်တမ်းများ အား Computer Software programme ဖြင့် ထိန်းသိမ်းနိုင်ရေးစာရင်းရေးသွင်းရန် (၁၁၉၄၁၅)ကတ်ရှိပြီး၊ ဧပြီလ ၄ ရက်နေ့ မှ စတင်ဆောင်ရွက်ခဲ့ရာ ဧပြီလ ၆ ရက်နေ့အထိ (၁၉၉၂၄)ကတ်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်လဝက ဦးစီးအရာရှိ ဦးသန်းထွန်းဦး ပြောကြားချက်အရ သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)