Pages

Pages

သံတွဲမြို့၌ ၁၃၈၃ ခုနှစ်မဟာသင်္ကြန်ပွဲတော်အားစည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်မည်



MNP ၊ ဧပြီ ၁၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့၌ ၁၃၈၃ ခုနှစ်မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား ဧပြီ ၁၃ရက်နေ့မှ၁၆ ရက်နေ့ထိ သံတွဲမြို့၌ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်တစ်ခု ၊ ငပလီမြို့တွင် ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ် တစ်ခုတို့အပြင် အခြားရေကစားမဏ္ဍပ်များဖြင့် စည်ကား  သိုက်မြိုက်စွာကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီထံမှသိရသည်။


မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ ၊မြို့မိမြို့ဖများက ကော်မတီများဖွဲ့စည်း၍ သင်္ကြန်ပွဲတော်ဖွင့်ပွဲ၊ ပိတ်ပွဲများပြုလုပ်ခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုယိမ်းအဖွဲ့များဖြင့်ကပြဖျော်ဖြေခြင်း၊ ဆုများချီးမြှင့်ခြင်း၊ သင်္ကြန်သီချင်းများဖြင့်ဖျော်ဖြေခြင်း၊ ရေကစားခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် စီစဉ်လျက် ရှိကြောင်းသိရှိရသည်။

                                                             

သတင်း - သန့်ဇင်

https://t.me/MyanmarNationalPost

No comments:

Post a Comment