Pages

Pages

ဗန်းမောက်မြို့ မြို့အဝင်ကိုဗစ်စစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းမရှိသေးသည့် ခရီးသွားပြည်သူများအား ကာကွယ်ဆေးများထိုးနှံပေး



MNP -  ဧပြီ   ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ မြို့နယ်အတွင်းရှိ ပြည်သူများ၊ ဝန်ထမ်းများနှင့် အခြားဒေသမှ လာရောက်ကြသည့် ခရီးသွားပြည်သူများ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားစေရေးနှင့် လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စစ်ဆေး၍ မြို့အဝင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်၌ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ထိုးနှံပေးရာ၌ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ် ရေးမှူးများနှင့် စေတနာရှင်အသင်းအဖွဲ့များပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၁)ကြိမ်မျှ ထိုးနှံခြင်းမရှိသေးသောသူများ၊ သတ်မှတ်ကာလအတွင်း ထိုးနှံရမည့်သူများ၊ ကာကွယ်ဆေး (၃)ကြိမ် မြောက်ထိုးနှံရမည့် မြို့နယ်အတွင်းရှိ ပြည်သူများ၊ အခြားဒေသမှ လာရောက်ကြသည့် ခရီးသွားပြည်သူများကို စစ်ဆေးပြီး စာရင်းများကောက်ယူ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

သတင်း - မေသူဟန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment