ကျောက်ဆည်ခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်ခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ



MNP -  ဧပြီ   ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြည် သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ နံနက်ပိုင်းက လူငယ်များဘက်စုံဖွံ့စေရေးအတွက် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူ(၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စတဲ့ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့် စိတ်များ ပေါ်ပေါက်လာကာ စာပေများဖတ်ရှုလေ့လာခြင်းဖြင့် နိုင်ငံအတွက် ထူးချွန်ထက်မြတ်သော ခေါင်ဆောင်ကောင်းများ ဖြစ်လာစေရေးအတွက် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျပန်းစာကားပြောပြိုင်ပွဲ ဆက်လက်ကျင်းပခဲ့ကြောင်းနှင့် အခုလိုနွေရာသီ ကျောင်းပိတ် ရက်တွေမှာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/ ကျောင်းသူများ အတွက် ပြိုင်ပွဲတွေ ကျင်းပပေးခဲ့လို့ ကျွန်တော်အတွက်တော့ များစွာအကျိုးရှိကြောင်း၊   ကျောင်းစာ အပြင်၊ ပြင်ပစာပေများ ဖတ်ရှုလေ့လာရသဖြင့် ဗဟုသုတများလည်း အများတကာထက်ရရှိလာ ကြောင်း၊ အမှား/အမှန်ကို ဝေဖန်ပိုင်းခြားနှိုင်မှုများနှင့် မိမိကိုယ်ကိုယုံကြည်မှုများလည်းရရှိလာကြောင်း အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်း အဋ္ဌမတန်းတွင် ပညာသင်ကြားခဲ့သည့် မောင်ထက်ဝေယံဖြိုးက ပြောပြသည်။

သတင်း - သက်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)