MNP - ဧပြီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြည် သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ နံနက်ပိုင်းက လူငယ်များဘက်စုံဖွံ့စေရေးအတွက် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူ(၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စတဲ့ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့် စိတ်များ ပေါ်ပေါက်လာကာ စာပေများဖတ်ရှုလေ့လာခြင်းဖြင့် နိုင်ငံအတွက် ထူးချွန်ထက်မြတ်သော ခေါင်ဆောင်ကောင်းများ ဖြစ်လာစေရေးအတွက် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျပန်းစာကားပြောပြိုင်ပွဲ ဆက်လက်ကျင်းပခဲ့ကြောင်းနှင့် အခုလိုနွေရာသီ ကျောင်းပိတ် ရက်တွေမှာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/ ကျောင်းသူများ အတွက် ပြိုင်ပွဲတွေ ကျင်းပပေးခဲ့လို့ ကျွန်တော်အတွက်တော့ များစွာအကျိုးရှိကြောင်း၊ ကျောင်းစာ အပြင်၊ ပြင်ပစာပေများ ဖတ်ရှုလေ့လာရသဖြင့် ဗဟုသုတများလည်း အများတကာထက်ရရှိလာ ကြောင်း၊ အမှား/အမှန်ကို ဝေဖန်ပိုင်းခြားနှိုင်မှုများနှင့် မိမိကိုယ်ကိုယုံကြည်မှုများလည်းရရှိလာကြောင်း အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်း အဋ္ဌမတန်းတွင် ပညာသင်ကြားခဲ့သည့် မောင်ထက်ဝေယံဖြိုးက ပြောပြသည်။
သတင်း - သက်မောင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment