နမ္မတီးမြို့တွင် “ပန်းခင်းစီမံချက်” ဖြင့် ပြုလုပ်ထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ္မတီးမြို့တွင် “ပန်းခင်းစီမံချက်” ဖြင့် ပြုလုပ်ထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်



MNP - ဧပြီ    ၁၂

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုးကောင်းမြို့နယ် ဦးစီးမှူးရုံးမှ “ပန်းခင်း စီမံချက်” ဖြင့် ပြုလုပ်ထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယနေ့ နံနက် (၁၀)နာရီတွင် နမ္မတီးမြို့၊ လမ်းခွကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကချင်ပြည်နယ်၊ ညှိနှိုင်းဖြန်ဖြေရေး ဒုတိယဥက္ကဋ္ဌ(၃) ဒေါ်ဘောက်ဂျာက အမှာ စကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပန်းခင်းစီမံချက် လုပ်ငန်း စဉ်အား ရှင်းလင်းကာ  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအယ်လ်ယော်ထုံက နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အရေးပါပုံနှင့် အသုံးဝင်ပုံအား ရှင်းလင်း ပြောကြားသည်။

“နိုင်ငံသားမှတ်ပုံတင်ဟာ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ နေရာတိုင်းမှာ မရှိမဖြစ် လိုအပ်ပြီး လဝကမှ ယခင်နှစ်တွေကတည်းက စီမံချက်တွေရေးဆွဲ ဆောင်ရွက်ပေးခဲ့သလို ယခုနှစ် မှာလည်း ပန်းခင်းစီမံချက်ကြောင့် ရရှိလာတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကို စနစ်တကျ ကိုင်တွယ်အသုံးပြုစေလိုပါတယ်။ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကို တရားမဝင်ပြင်ဆင်တာ၊ ဖျက်တာ၊ ဓာတ်ပုံမကောင်းလို့ ပျက်စီးလို့ မထင်ရှားလို့ ကိုယ့်သဘောနဲ့ လဲတာကပ်တာ ပြုလုပ်လို့ မရပါဘူး။ နယ်မြေကျော်ခရီးထွက်ခဲ့လျှင် နိုင်ငံသားကတ်ပြားကို မိမိနဲ့တပါတည်းယူသွားရမှာ ဖြစ်ပါတယ်။ နိုင်ငံသားကတ်ပြားတစ်ခုထက် ကိုင်ဆောင်ခွင့်မရှိသလို ပိုပြီးကိုင်ဆောင်ထားတာ တွေ့ရှိလျှင်လည်း ဥပဒေနဲ့အညီ အရေးယူမှာဖြစ်ပါတယ်။ လွယ်လွယ်ကူကူနဲ့ ရပ်ကွက်/ကျေးရွာ အရောက် ဆောင်ရွက်ပေးနေတဲ့အချိန်မှာ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆိုသကဲ့သို့ မိမိဘဝပြည့်စုံသွားအောင် နိုင်ငံသားကတ် မဖြစ်မနေ ဆောင်ရွက်ထားကြဖို့ တိုက်တွန်းလိုပါတယ်” ဟု မြို့နယ်လဝကဦးစီးမှူးက ပြောကြားသည်။

ယင်းနောက် ကချင်ပြည်နယ် ညှိနှိုင်းဖြန်ဖြေရေး ဒုတိယဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများက ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ထားသည့် နိုင်ငံသား ကတ်ပြား အသက်(၁၀)နှစ်ပြည့် ဆောင်ရွက်ပေးမှု ကျား(၁၈၅)ခု၊ မ(၂၃၅)ခု၊ အသက်(၁၈) နှစ်ပြည့် ဆောင်ရွက်ပေးမှု ကျား(၆၀)၊ မ(၆၀)၊ လှဲလှယ်ဆောင်ရွက်ပေးမှု(၂၂၅)ခု၊ မိတ္တူ ဆောင်ရွက်ပေးမှု (၁၄၅)ခု၊ စုစုပေါင်း (၉၁၀)ခုအား လမ်းခွကျေးရွာ ပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး ကျေးရွာပြည်သူများကလည်း ဂါရဝပြုလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - သန်းလွင်ဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)