ကန့်ဘလူမြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကန့်ဘလူမြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

 


MNP - ဧပြီ   ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ကာကွယ်တားဆီးနိုင်ရေးနှင့် ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား Phase- 9 ပထမအကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ဆေးရုံဟောင်း)၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရန်လာရောက် သူများကို စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး ကာကွယ်ဆေးများ စနစ်တကျထိုးနှံပေးခဲ့ရာ အဆိုပါနေ့က ဒေသခံပြည်သူ ၁၀၂၃ ဦးကို ထိုးနှံပေးနိုင်ခဲ့ကြောင်းနှင့် ကွင်းဆင်းထိုးနှံပေးသည့် ပေကုန်း(တ)ကျေးရွာမှ ပြည်သူ ၈၅၈ ဦးကိုလည်းကောင်း၊ မှော်တော် ကျေးရွာမှ ပြည်သူ ၁၀၄၅ ဦးကိုလည်းကောင်း ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

သတင်း - အောင်ဝင်းငြိမ်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)