MNP - ဧပြီ ၁၂
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် သက်ဆိုင်ရာ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ရေကြည် မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မအူကုန်ကျေးရွာအုပ်စုရှိ (သစ်စိမ်းမြေဩဇာ) ပိုက်ဆံလျှော်မျိုးစေ့ထုတ် (၅)ဧကစိုက်ခင်းသို့ ရောက်ရှိခဲ့ပြီး သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စိုက်မျိုးစေ့ထုတ် စိုက်ခင်းစိုက်ပျိုး ထုတ်လုပ်နေမှုအခြေအနေများကို ကြည့်ရှုမေးမြန်းဆွေးနွေးခဲ့ရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးဦးဝင်းစိုး၊ သက်ဆိုင်ရာမြို့နယ်နှင့် မြို့စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူများ၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်စိုက်ခင်းစိုက် တောင်သူဦးကုသိုလ်တို့က စိုက်ခင်းစိုက်ပျိုးထုတ်လုပ်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)စိုက်ပျိုးထုတ်လုပ်မှုများကို တိုးချဲ့စိုက်ပျိုးထုတ်လုပ်သွားနိုင်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရပြီး ငါးသိုင်းချောင်းမြို့၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ထုတ် စိုက်ခင်းစိုက်ပျိုးသည့် တောင်သူ(၁၂)ဦး/ စိုက်ဧက စုစုပေါင်း ဧက(၂၀)ရှိကြောင်း သက်ဆိုင်ရာမြို့စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရှိရသည်။
သတင်း - စိုးမင်းဦး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment