ယူကရိန်းသမ္မတက ရုရှားနိုင်ငံနှင့်ပဋိပက္ခအား သံတမန်ရေးရာအဖြေရှာရန် ထောက်ခံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူကရိန်းသမ္မတက ရုရှားနိုင်ငံနှင့်ပဋိပက္ခအား သံတမန်ရေးရာအဖြေရှာရန် ထောက်ခံ


ကိဗ် ၊ ဧပြီ ၂၄

ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky က ရုရှားနိုင်ငံနှင့် ပဋိပက္ခအား သံတမန်ရေးရာဖြေရှင်းနည်းကို ထောက်ခံကြောင်း ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့သည်ဟု Interfax-Ukraine သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

သမ္မတ Zelensky က“ဒီနေရာမှာ သံတမန်ရေးရာလမ်းကြောင်းတစ်ခု ရှိပါတယ်။ စစ်ရေးတစ်ခု ရှိပါတယ်။”ဟု ကိဗ်မြို့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး ပဋိပက္ခအား ရပ်တန့်ချုပ်ငြိမ်းစေလိုကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ရုရှားတပ်ဖွဲ့များက မာရီယူပိုးလ်မြို့၌ ပိတ်မိနေသည့် ယူကရိန်းနိုင်ငံသားများအား သတ်ဖြတ်ပါက သို့မဟုတ် ယူကရိန်းနိုင်ငံအတွင်း ၎င်းတို့ သိမ်းပိုက်ထားသည့် ဒေသများ၌ အတုအယောင်လူထုဆန္ဒခံယူပွဲများ ကျင်းပပါက ယူကရိန်းနိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုများမှ နုတ်ထွက်မည် ဖြစ်ကြောင်း သမ္မတ Zelensky က အလေးအနက် ပြောကြားခဲ့သည်။


Ref : (ဆင်ဟွာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)