ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူဦးရေအားလုံး ၁၀၀ ရာခိုင်နှုန်းအပြည့် ထိုးနှံပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူဦးရေအားလုံး ၁၀၀ ရာခိုင်နှုန်းအပြည့် ထိုးနှံပြီးစီး



MNP - ဧပြီ   ၂၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းများကို မြို့ပေါ်အထိုင် ဆေးထိုးစုရပ်များ၊ Mobile နယ်လှည့် ဆေးထိုး အဖွဲ့များဖြင့် ဆေးထိုးနှံမှု ရာခိုင်နှုန်းပြည့် လွှမ်းခြုံနိုင်စေရေး အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့ရာ ယခုအခါ အကျုံးဝင်ဦးရေအားလုံး ၁၀၀ ရာခိုင်နှုန်း ထိုးနှံပြီးစီးခဲ့ပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်လမ်းညွှန်မှု၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ ဝင်များ၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးခဲ့ရာ ဧပြီ(၂၂) ရက်နေ့ တွင် ရာနှုန်းပြည့် ထိုးနှံနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆေးထိုးလုပ်ငန်းများကို မြို့ပေါ်တွင် အထိုင်ဆေးထိုးစု ရပ်(၂)ခုနှင့် ကျေးရွာစုရပ်များအရောက် နယ်လှည့်ဆေးထိုးအဖွဲ့(၇)ဖွဲ့တို့ဖြင့် ဆေးထိုးနှံခြင်း၊ မြို့အဝင်နေရာများတွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်စစ်ဆေး၍ ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ရာ မြို့နယ်အတွင်း ဆေးထိုးရန်အကျုံးဝင် သူဦးရေ (၁၆၇၈၁၉)ဦးရှိသည့်အနက် ဧပြီလ (၂၂)ရက်နေ့တွင်  ဆေးထိုးနှံပြီးစီးသူ(၁၆၇၈၂၇)ဦးရှိခဲ့ပြီး၊ အကျုံးဝင်စာရင်း ရှိသော်လည်း လူနေထိုင်ခြင်း မရှိသူများ၊ နာတာရှည်ရောဂါရှိသူများ အစရှိသည့်လူဦးရေ(၁၉၄၈)ဦးသာ ကျန်ရှိသဖြင့် ဆေးထိုးနှံနိုင်မှု ရာခိုင်နှုန်းမှာ (၁၀၀)ရာခိုင်နှုန်းပြည့်မီခဲ့ပြီဖြစ်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း အချိန်မီ ဆေးထိုးနှံမှု ရာခိုင်နှုန်းပြည့် လွှမ်းခြုံနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

သတင်း - နေအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)