ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မြောင်းမြဒေသ သုတေသန ဗဟိုဌာနတွင် နေကြာသီးနှံ မိဘလိုင်း မျိုးစေ့များပွားများ လုပ်ငန်းစီမံချက်ရှင်းလင်းပွဲ အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မြောင်းမြဒေသ သုတေသန ဗဟိုဌာနတွင် နေကြာသီးနှံ မိဘလိုင်း မျိုးစေ့များပွားများ လုပ်ငန်းစီမံချက်ရှင်းလင်းပွဲ အခမ်းအနားသို့ တက်ရောက်


MNP ၊ ဧပြီ ၁

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ နေ့လယ် ၁၁:၀၀ နာရီက မြောင်းမြမြို့နယ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသန ဗဟိုဌာနတွင် နေကြာသီးနှံ မိဘလိုင်းမျိုးစေ့များပွားများ ဆောင်ရွက်မည့် ကိစ္စနှင့်ပတ်သက်၍ လုပ်ငန်း စီမံချက်ရှင်းလင်းပွဲ အခမ်းအနားသို့  တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြောင်းမြမြို့နယ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသန ဗဟိုဌာန၊ သုတေသနအရာရှိ တာဝန်ခံ ဒေါ်ဖြူပြာလွင်က နေကြာသီးနှံ မိဘလိုင်းမျိုးစေ့များ ပွားများ ဆောင်ရွက်မည့် ကိစ္စနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းတင်ပြပါသည်။ ထိုသို့ရှင်းလင်း တင်ပြ ရာတွင် လိုင်းစနစ် စပ်မျိုးနေကြာမိဘ ထုတ်လုပ်မှုပုံစံ၊ စပ်မျိုးနေကြာမိဘလိုင်း အမလိုင်း မျိုးသန့် ပွားများခြင်း၊  စိုက်နည်းစနစ်များ၊  စပ်မျိုးနေကြာမျိုးစေ့ ထုတ်လုပ်ခြင်းများ၊  မျိုးစေ့ထုတ်စိုက်ခင်း၌ အထူးသတိထား ဆောင်ရွက်ရမည့်အချက်များ၊ တစ်ဧက အထွက်နှုန်းများ၊ စိုက်ပျိုးနိုင်မည့် စိုက်ဧကများကို ရှင်းလင်းတင်ပြပြီးနောက် ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း  Mini Budget တွင် ဆောင်ရွက်သည့် လုပ်ငန်းများကို ဆက်လက် ရှင်းလင်း တင်ပြပါသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက နေကြာမျိုးစေ့ ထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ သုတေသနပြုလုပ်ထားသည်နှင့်အညီ မျိုးစေ့ကောင်းများ ရရှိစိုက်ပျိုး နိုင်ပြီး တွက်ချက်တင်ပြထားသည့်အတိုင်း ဆီအထွက်နှုန်းများများ ထွက်နိုင်ရန်လိုကြောင်း၊ မြောင်းမြ ဒေသသုတေသနဗဟိုဌာနအနေဖြင့် မြောင်းမြမြို့ရှိ  စိုက်ပျိုးရေးဦးစီးဌာနနှင့် အချင်းချင်း ပေါင်းစပ်ညှိနှိုင်း၍ အောင်မြင်အောင် ဆောင်ရွက်စေလိုကြောင်း စသည်ဖြင့် မှာကြားစရာ ရှိသည် များကို လမ်းညွှန်မှာကြားပြီး အခမ်းအနားကို နေ့လယ် ၁၂:၃၀ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)