MNP ၊ ဧပြီ ၂၃
မွန်ပြည်နယ်၊သထုံခရိုင်၊ပေါင်မြို့နယ်တွင် ရေကြီးရေလျှံဘေးမှကာကွယ်ရန်ရေမြောင်းများ စုပေါင်းရှင်းလင်းရေးကိုယနေ့နံနက်ပိုင်းကပေါင်းရပ်ကွက်၌ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရေမြောင်းများရှင်းလင်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိုက်ထွန်း၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊စည်ပင်သာယာရေးအဖွဲ့များ၊ဌာနဆိုင်ရာများ၊ပြည်သူ့စစ်များ၊ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုးနှင့်ရပ်မိရပ်ဖများက ရေမြောင်းအတွင်းရှိအမှိုက်များနှင့်မြက်ပင်များရှင်းလင်းခြင်း၊ရေစီးရေလာကောင်းမွန်စေရန်အတွက်မြေကြီးများညှိယူခြင်း၊တူးခြင်းများ၊ဆောင်ရွက်ပေးခဲ့သည်။
ရေမြောင်းများရှင်းလင်းပေးခြင်းဖြင့် လာမည့်မိုးရာသီတွင် သဘာဝဘေးဖြစ်သည့်ရေကြီးရေလျှံ ဘေးမှကာကွယ်ရန်ရည်ရွယ်၍ ရှင်းလင်း ထားကြောင်းသိရသည်။
သတင်း - တင်ဇာစိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment