ကယားပြည်နယ်အစိုးရအဖွဲ့က ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်း)သို့ တက်ရောက်မည့် သင်တန်းသား ၊ သင်တန်းသူများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်အစိုးရအဖွဲ့က ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်း)သို့ တက်ရောက်မည့် သင်တန်းသား ၊ သင်တန်းသူများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ

           

MNP - ဧပြီ    ၂၈

ကယားပြည်နယ်အစိုးရအဖွဲ့က ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်း)သို့ တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများအားတွေ့ဆုံ၍ အမှာစကား ပြောကြားခြင်းနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ဖြင့် ကဏ္ဍပေါင်းစုံမှကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် အနာဂတ်မျိုးဆက်သစ် လူငယ်များနှင့် တိုင်းရင်းသားများ၏ အရေးကိုအလေးထားပြီး ဆောင်ရွက်ပေးနေကြောင်း၊ တိုင်းရင်းသား လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသောမိမိတို့နိုင်ငံတွင် တိုင်းရင်းသားများ၏အရေးကို ဆောင်ရွက်ရာ၌ တိုင်းရင်းသားအားလုံး တစ်ပြေးညီအကျိုးခံစားခွင့်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားပြည်သူအားလုံးက အပြန်အလှန် လေးစားယုံကြည်မှုဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်မှသာ အရှိန်အဟုန်ဖြင့် တိုးတက်လာမှာ ဖြစ်ကြောင်း၊ တိုင်းရင်းသား များ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်ရှေးရှုပြီး မိမိဒေသဖွံ့ဖြိုးရေး တာဝန်များကို အသိစိတ်ဓါတ်ဖြင့် ထမ်းဆောင်နိုင်စေရန်အတွက် ကောင်းမြတ် သည့် ရည်ရွယ်ချက်ဖြင့် ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ဒီဂရီကောလိပ်များကို တည်ထောင်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့် ပြည်ထောင်စုစိတ်ဓါတ် ရင့်သန်သော ပြည်ထောင်စုသားများ ဖြစ်လာမည့် တန်ဖိုးမဖြတ် နိုင်သော အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း၊ ပြည်နယ်ကိုယ်စားပြု တက်ရောက်မည့် သင်တန်း သား၊ သင်တန်းသူများတွင် တိုင်းရင်းသားပေါင်းစုံပါဝင်ပြီး  ကျောင်းဆင်းပြီးသွားပါက မိမိဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကျရာကဏ္ဍမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်သော နိုင်ငံ့ဝန်ထမ်း ကောင်းများဖြစ်အောင် ကြိုးစားကြစေ လိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းတက်ရောက်မည့် ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်ကြပြီး ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၄၇)ဦးအတွက် ခရီးစရိတ်နှင့် ထောက်ပံ့ငွေကျပ် ၇၂,၈၈၀၀၀ အား ပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား ကိုယ်စားလှယ် (၂) ဦးက လက်ခံရယူ ခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကား ပြောကြားပြီး ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်ပေးမှုဖြင့် သင်တန်းသား၊ သင်တန်းသူများကို သက်ဆိုင်သည့် တက္ကသိုလ်နှင့် ဒီဂရီ ကောလိပ်များသို့ အဆင်ပြေစွာ သွားရောက်နိုင်ရေးအတွက် စီစဉ်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။ 

သတင်း - ကိုဇင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)