မင်းလှမြို့နယ်တွင် အသက် ၁၅ နှစ်မှ အသက် ၁၈ နှစ်အတွင်းရှိ သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းလှမြို့နယ်တွင် အသက် ၁၅ နှစ်မှ အသက် ၁၈ နှစ်အတွင်းရှိ သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး



MNP - ဧပြီ   ၂၃

မကွေးတိုင်းဒေကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အသက် ၁၅ နှစ်မှ အသက် ၁၈ နှစ်အတွင်းရှိ သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမနေ့စတင် ထိုးနှံပေးခြင်းကို ယမန်နေ့  နေ့လယ် ၁ နာရီက မင်းလှမြို့ရုံးရပ် တောင်ရပ်ကွက်ရှိ ဦးကင်း ဘုရားဓမ္မာရုံနှင့် မလွန်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတို့တွင် ထိုးနှံပေး လျက်ရှိသည်။

မင်းလှမြို့နယ်၌ အသက် ၁၅ နှစ်မှ အသက် ၁၈ နှစ်အတွင်းရှိ သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်‌ဆေး Sinovac ပထမအကြိမ်ထိုးနှံ ပေးခြင်းဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံပေးရာ၌ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာ‌ရေး ဝန်ထမ်းများက ‌ထိုးနှံပေးပြီး၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ကူညီဆောင်ရွက်ပေး လျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးသည့် ဆေးထိုးစုရပ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်က‌လေး စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များက ပေါင်းစပ်ကူညီဆောင်ရွက် ပေးလျက်ရှိသည်။

မင်းလှမြို့နယ်တွင် အသက် ၁၅ နှစ်မှ အသက် ၁၈ နှစ်အတွင်းရှိ သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများအား ကာကွယ်ဆေးထိုးနှံရန် ဆေးအလုံးရေ(၁၅၁၇)လုံးရရှိကာ ဆေးတစ်လုံးလျှင်(၂)ဦး ထိုးနှံနိုင်ပြီး လူဦးရေ(၃၀၃၄)ဦးအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဇာဇာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)