MNP - ဧပြီ ၄
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့နယ် ငါးရွာအုပ်စု ထန်းပေါက်ကျေးရွာ အခြေခံ မူလတန်း(လွန်)ကျောင်း၌ ယနေ့မွန်းလွဲပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ "စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး" အသိပညာပေး ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းဦးနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာသူ/သားများ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းဝင်းက မတ်ပဲနှင့် နေကြာ သီးညှပ်စိုက်ပျိုးနည်းအကြောင်း၊ မြို့နယ်ကျေးလက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်းက ကုန်ထုတ်လမ်းဖောက်လုပ်မှုနှင့် ကျေးရွာသောက်သုံးရေရရှိအကြောင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ခိုင်းနွားမွေးမြူရေးအကြောင်းတို့ကို အသီးသီး ဆွေးနွေးဟောပြောခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျေးရွာသူ၊ ရွာသားများမှ သိလိုမေးမြန်းဆွေးနွေးမှုများကို တာဝန်ရှိသူများမှ အသီးသီးပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment