ဗဟန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗဟန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကွင်းဆင်းဆောင်ရွက်



MNP - ဧပြီ   ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနက လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့ ဆိုသည့်ဆောင်ပုဒ်နှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဗဟန်းမြို့နယ်၊ မြို့မရပ်ကွက်(၃)လမ်းရှိ၊ ဗိုလ်ချုပ်အောင်ဆန်းဈေးဓမ္မာရုံတွင် မြို့မရပ်ကွက်၊ ကြားတောရရပ်ကွက်နှင့် ရွှေနံ့သာရပ်ကွက်တို့ ပူပေါင်း၍ ရပ်ကွက်နေပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ဗဟန်းမြို့နယ် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းနိုင်က နိုင်ငံသားကတ် အသုံးဝင်ပုံ၊ အသက်အရွယ်အလိုက် ကိုင်ဆောင်လဲလှယ်ရခြင်းအကြောင်းနှင့် ဥပဒေနှင့် ညီညွတ်မှုမရှိပါက အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရှင်းလင်းပြောကြားသည်။

ထိုနောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသက်(၁၀)နှစ်ပြည့်နိုင်ငံသားကတ် လျှောက်ထားသူများ၊ အသက်(၁၈)နှစ်အထက် နိုင်ငံသားကတ်လျှောက်ထားသူများ၊ နိုင်ငံသားကတ် အသစ်လဲလှယ်လျှောက်ထားသူများ၊ နိုင်ငံသားကတ်၊ ပျောက်ပျက် လျှောက်ထားသူများအား နိုင်ငံသားကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းများ ဆောင်ရွက်ပေးခြင်းတို့ကို သတ်မှတ်စည်းကမ်းများနှင့် အညီ ဆောင်ရွက်ပေးကြသည်။

ထိုသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်တို့က လာရောက် ဆောင်ရွက်နေသော ရပ်ကွက်နေပြည်သူများအား အဆင်ပြေချောမွေ့စေရန် ဝိုင်းဝန်းကူညီ ပေးခဲ့ကြောင်း သိရှိရသည်။

သတင်း - အောင်မြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)