MNP ၊ ဧပြီ ၈
ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင်တာဝန်ထမ်းဆောင် လျှက်ရှိသည့် ဝန်ထမ်းများအားသင်္ကြန်ကာလနှစ်သစ်ကူးလက်ဆောင်ပေးအပ်ပွဲကို ဧပြီ ၈ ရက် မွန်းလွဲ ၂ နာရီတွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်မြို့နယ်စီမံ အုပ်ချုပ် ရေး အဖွဲ့ ဥက္ကဌ ဦးမျိုးမင်းစိုး (မြို့နယ် အုပ်ချုပ်ရေးမှူး)က နှစ်သစ်ကူးအမှာ စကားပြောကြားပြီး မြို့နယ်စည်းရုံး ရေးနှင့်စည်းကမ်းထိန်းသိမ်း ရေးကော်မတီဥက္ကဌဒေါ်သန်းသန်းစိုး က နှစ်သစ်ကူးဆုတောင်းစကားကိုပြောကြား၍ဝန်ထမ်းများအားသင်္ကြန်ကာလ နှစ်သစ်ကူး လက်ဆောင်များအားမြို့နယ်စီမံအုပ်ချုပ် ရေး အဖွဲ့ဥက္ကဌ ဦးမျိုးမင်းစိုး (မြို့နယ်အုပ်ချုပ်ရေးမှူး)ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးသီဟအောင်၊မြို့နယ်စည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဒေါ်သန်းသန်းစိုး နှင့် အဖွဲ့ဝင် ဒေါ်သင်းမြတ်မြတ်ခိုင်တို့ကဝန်ထမ်းတစ်ဦးလျှင် တူညီဝတ်စုံတစ်စုံနှင့် ငွေကျပ် (၂)သောင်းကိုဝန်ထမ်း(၇၃)ဦးအားပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးမင်းစိုး(မြို့နယ်အုပ်ချုပ်ရေးမှူး)နှင့်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟအောင်တို့ကနိဂုံးချုပ် အမှာစကား ပြောကြားကာအခမ်းအနားကိုရုတ်သိမ်း ခဲ့သည်။
သတင်း - ဝင်းမောင်(ကျိုက်ထို)
https://t.me/MyanmarNationalPost






No comments:
Post a Comment