မီးဘေးကြိုတင်ကာကွယ်ရေး စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မီးဘေးကြိုတင်ကာကွယ်ရေး စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး



MNP - ဧပြီ   ၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်အတွင်းရှိ ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းဘေးရှိ စက်သုံးဆီ အရောင်းဆိုင်များကို ယမန်နေ့နံနက် ၁၀နာရီ အချိန်၊ ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင် မီးသတ်တပ်ဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်အတွင်းရှိ ပိုလီပါဝါစက်သုံးဆီအရောင်းဆိုင်နှင့် OK Energy စက်သုံးဆီအရောင်းဆိုင်တို့အား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေး အကြံပြုခြင်း လုပ်ငန်းများ အကြံပြုခြင်းလုပ်ငန်းများ လှည့်လည်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ ထိုသို့စစ်ဆေးရာတွင် မီးလောင်လွယ်သော လောင်စာရည်များ သိုလှောင်ရာ နေရာ ဖြစ်သဖြင့် မီးဘေးလုံခြုံရေးအတွက် အထူးသတိပြု ကိုင်တွယ်သုံးစွဲကြရန်၊ ဆီတင်ယာဉ်များ ဆီချရာတွင် ကားရပ်သည်နှင့် ချက်ခြင်းဆီချခြင်းမပြုပဲ ဆီတင်ယာဉ်အား အနည်းဆုံး နာရီဝက်ခန့် အနားပေးခြင်း၊ အအေးပေးခြင်းတို့ ပြုလုပ်ပြီးနောက် ဆီဆိုင် ဝန်ထမ်းများ အနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ အသင့်ကိုင်ဆောင်စောင့်ကြည့် အနေ အထားဖြင့် စနစ်တကျဂရုတစိုက်ဆောင်ရွက်သွားကြရန်နှင့် Earthing စနစ် အား မမေ့မလျော့ ဆောင်ရွက်ပြီးမှ ဆီတင်/ဆီချ ပြုလုပ်ခြင်းများ ဆောင်ရွက်သွားကြရန်၊ မီးဘေးကြိုတင် ကာကွယ်ရေး ပစ္စည်းများနှင့် ရေလုံလောက်စွာ သိုလှောင်ထားရှိရေး အလေးထား ဆောင်ရွက် သွားကြရန်၊ အသင့်ဝယ်ယူထားသော အပေါ့စား မီးသတ်စက်များနှင့် မီးဘေးကြိုတင် ကာကွယ်ရေး ပစ္စည်းများအား အရေးပေါ်အခြေအနေ ဖြစ်ပွားပါက စွမ်းအားပြည့် ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်ဆောင်ရွက်ထားကြရန်၊ လုပ်ငန်းနှင့် ပတ်သက်၍ မီးဘေးလုံခြုံရေး တာဝန်ခံတစ်ဦးထားရှိ၍ အဆိုပါဝန်ထမ်းအား မီးသတ်ဦးစီးဌာနမှ ပို့ချသော မီးဘေးလုံခြုံရေးတာဝန်ခံ( (Fire Safety Mananger – FSM) သင်တန်းတက်ရောက် သင်ကြားမှုရှိစေရေး စီမံဆောင်ရွက်သွားရန်နှင့်မီးသတိပေး ပိုစတာများ ချိတ်ဆွဲထားရှိစေရေး တို့အား မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူမှအကြံ ပြုဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)