ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များပုံမှန်ကာကွယ်ဆေး တိုက်/ဆေးထိုးခြင်းလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များပုံမှန်ကာကွယ်ဆေး တိုက်/ဆေးထိုးခြင်းလုပ်ငန်းများဆောင်ရွက်



MNP - ဧပြီ    ၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြိုနယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်(၂)နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး တိုက်/ဆေးထိုးခြင်းလုပ်ငန်းများကို၊ ယနေ့ နံနက်(၈)နာရီမှ စတင်၍  မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၁ )နှစ်အောက်ကလေးငယ်များနှင့် အသက်(၂)နှစ်အောက် ပုံမှန်ကာကွယ်ဆေးထိုးနှံရမည့် ကလေးငယ်များအား၊ ဘီစီဂျီ၊ အသဲရောင်အသားဝါ(ဘီ)၊ ပြင်းထန် အဆုတ်ရောင်(ပီစီစီ)၊ (ပထမအကြိမ်)၊ (ဒုတိယအကြိမ်)(တတိယအကြိမ်) စသည်ဖြင့် ကလေးငယ်များ ၏ ဆေးထိုးနှံမှုမှတ်တမ်းများအရ၊ လိုအပ်သည့် ကာကွယ်ဆေးများ တိုက်ကျွေး/ထိုးနှံခြင်းများကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းများကို လစဉ်လဆန်း(၁)ရက် (၂)ရက်နေ့များနှင့် လဝက်ရက်များဖြစ်သည့် (၁၅)ရက် (၁၆)ရက်တို့တွင် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး၊ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - နေအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)