ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာအုပ်စုတွင် မိုးကြိုကာလ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စိုက်ပျိူးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာအုပ်စုတွင် မိုးကြိုကာလ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စိုက်ပျိူးပွဲပြုလုပ်



MNP - ဧပြီ    ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် ပလောက်မြို့ စိုက်ပျိူးရေးဦးစီးဌာနမှ မိုးကြိုကာလ  မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက် (၈) နာရီက ကျောက်လုံးကြီးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြိတ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းမင်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ပလောက်မြို့စိုက်ပျိူးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းက လယ်ယာ မြေများတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းဖြင့် အချိန်တိုကာလအတွင်း သစ်စိမ်း မြေသြဇာ၊ ဇီဝမြေသြဇာနှင့် သစ်ဆွေးဓာတ်များ ရရှိနိုင်၍ လယ်ယာမြေ အတွင်းရှိ ပေါင်းပင်များကို နှိမ်နင်းနိုင်ပြီး အကျိူးပြုအနုဇီဝပိုးများ၊ မြေဆီလွှာအတွင်းရှိ အကျိူးပြုသက်ရှိ များကိုလည်း အသက်ရှင် တိုးပွားစေနိုင်ကြောင်း၊ ဓာတ်မြေသြဇာသုံးစွဲမှုအား လျှော့ချနိုင်ပြီး သဘာဝ ပတ်ဝန်းကျင်ရှိ မြေဆီလွှာနှင့်ရေတို့ကို ဓာတုအဆိပ်သင့်မှု လျော့နည်းစေကာ မြေဆီလွှာ၏ ချဉ်ငံဓာတ်ကိုလည်း ထိန်းညှိပေးသည့် အကျိူးကျေးဇူးများ ရရှိနိုင်ကြောင်း၊ ပိုက်ဆံလျှော် သီးနှံ စိုက်ပျိူးရာတွင် ရာသီဥတုအခြေအနေပေးပါက တစ်ဧကလျင် သစ်စိမ်း မြေသြဇာ (၅)တန်မှ (၇)တန်အထိ ရရှိနိုင်ပြီး ပုလဲဓာတ်မြေသြဇာ (၃) အိတ်နှင့် ညီမျှသော နိုက်ထရိုဂျင် ဓာတ်များ ရရှိနိုင်ကြောင်းနှင့် ပိုက်ဆံလျှော်သီးနှံ စိုက်ပျိုးခြင်း အကျိူးကျေးဇူး များကို တောင်သူများအား အသိပညာပေး ပြောကြား၍ ပိုက်ဆံလျှော် မျိုးစေ့များ ပေးအပ် ခဲ့သည်။

ဆက်လက်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများက ကျောက်လုံးကြီးကျေးရွာအုပ်စု၊ အရှေ့ကုန်းကျေးရွာရှိ ကွင်းအမှတ် (၇-ခ)၊ ဦးပိုင်အမှတ် (၈၈) တောင်သူ ဦးကွန်ပဲလယ်မြေ၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကို ကြဲပက်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သတင်း - နှင်းမြူလွင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)