မင်းလှမြို့တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာကျင်းပမည်



MNP - ဧပြီ    ၁၁

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာကျင်းပရန် အမှတ်(၅) ရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီဌာနပိုင်မြေနေရာ၌ ဗဟိုမဏ္ဍပ်ဆောက်လုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပြီးစီးခဲ့ကြောင်းသိရသည်။

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများဆောင်ရွက်မှုဖြင့် သင်္ကြန်ပွဲတော်ဖွင့်ပွဲ၊ ပိတ်ပွဲပြုလုပ်ခြင်း၊ ယိမ်းအဖွဲ့များကပြဖျော်ဖြေခြင်းနှင့် ဆုချီးမြှင့်ခြင်း၊ သီချင်းများ သီဆိုဖျော်ဖြေခြင်း၊ ရေကစားခြင်းတို့ဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ပေါက်စ 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)