MNP - ဧပြီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် နွေရာသီကာလ၌ မီးဘေးအန္တရာယ် လုံခြုံရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီ အရောင်းဆိုင်များအား ဧပြီလ ၂၄ ရက်နေ့က မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် စက်သုံးဆီအရောင်းဆိုင်များရှိ မီးသတ်ဆေးဘူးများ၏ အရည်အသွေး၊ မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေအား စစ်ဆေး၍ မီးသတ်ဆေးဘူး အသုံးပြုပုံ၊ မီးလောင်၊ မီးလန့်မှုမဖြစ်စေရေး လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် မီးဘေးအန္တရာယ် ကျရောက်လာပါက ဆက်သွယ်ဆောင်ရွက်ရမည့် နည်းလမ်းများအား ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment