တောင်ငူ၌ ကျေးလက်နေပြည်သူများအား အကျိုးပြုမည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူ၌ ကျေးလက်နေပြည်သူများအား အကျိုးပြုမည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည်



MNP - ဧပြီ   ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများအား အကျိုးပြုမည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာများတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ယခု ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်မှာ ကျေးလက်ရေ ရရှိရေးလုပ်ငန်း ပြည်ထောင်စုရန်ပုံငွေဖြင့် စပါးကြွယ်ကျေးရွာနှင့် ရွှေလေးအင်းအုပ်စု-ကျွန်းကြီးကျေးရွာတွင် တွင်းနက် ၂ တွင်း ၊  တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကညင်မြောင်ကျေးရွာအုပ်စုရှိ မြပင်ကူးကျေးရွာ၊ ကညင်မြောင်ကျေးရွာ၊ ကျွန်းကုန်းအုပ်စုရှိ ညောင်ချင်ကုန်းကျေးရွာတို့တွင် တွင်းနက်(၃)တွင်း၊ ကျေးလက်ကုန်ထုတ်လမ်း ပြည်ထောင်စုရန်ပုံငွေဖြင့် မဟင်ကျေးရွာ (၅၃၀-ခ) စက်မှုလယ်ယာစံပြစိုက်ကွက်ရှိ ကုန်ထုတ်လမ်း  ၁၃၃၄၀ ပေ အရှည်၊   ၁၂ ပေ အကျယ်၊ ၁ ပေထု ကျောက်ရောမြေခင်းခြင်း၊ ကွန်ကရစ်တံတား ၂၅ ပေ အရှည် ၁၄ ပေ အကျယ် ၈ ပေ အမြင့် တံတား ( ၁ )စင်း ၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဒိုးအင်းကုန်ထုတ်လမ်း  ၆၃၀၀ ပေ အရှည် ၁၄ ပေ အကျယ် ၊ ၁ ပေထု (မြေသား)၊ ကျောက်ရောမြေ  ၆၃၀၀ ပေ အရှည် ၁၂ ပေ အကျယ် ၉ ပေထု စသည့်လုပ်ငန်းများဖြင့်  ယခု ဘဏ္ဍာရေးနှစ်အတွင်း တောင်ငူမြို့နယ်အတွင်း ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ တောင်ငူမြို့နယ်ဦးစီးမှူး ဒေါ်ငုဝါထွေး က ပြောသည်။

ထို့ပြင် ဖွံ့ဖြိုးရေးလုပ်ငန်းများအဖြစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကျေးရွာ (၁၀) ရွာ၊ မြစိမ်းရောင်စီမံကိန်း ကျေးရွာ ၅ ရွာ၊ ယခု ဘဏ္ဍာရေး နှစ်အတွင်းဆောင်ရွက်မည် ဖြစ်ကြောင်းတောင်ငူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မြို့ပြနှင့် ကျေးလက်အကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းလာစေရန် ရည်ရွယ်၍ ဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် ကုန်ထုတ်လမ်း၊ တံတား၊ ရေရရှိရေးလုပ်ငန်း၊ ကျေးလက်မီးလင်းရေး လုပ်ငန်းစသည့် ဖွံ့ဖြိုးရေးလုပ်ငန်း များအပြင် အရင်းမပျောက်မတည် ရန်ပုံငွေ ထူထောင်ပေးသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများအားနှစ်စဉ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)