MNP - ဧပြီ ၁၉
မွန်ပြည်နယ်၊ သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ အေးမြခိုင်ဈေးတွင် ယနေ့ နံနက်က ဈေးရောင်း၊ ဈေးဝယ်များနှင့် ရပ်ကွက်နေ ပြည်သူများတို့အား အသည်းရောင်အသားဝါ(ဘီ)နှင့်(စီ)ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေးပေးခြင်းကို ကျန်းမာရေး ဝန်ထမ်းများနှင့် တာဝန်ရှိသူများ ပူးပေါင်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန်းဦးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များတို့ ပူးပေါင်းကာ အေးမြခိုင်ဈေးမှ ဈေးရောင်း/ ဈေးဝယ်သူများ၊ ဒေသခံပြည်သူများ စုစုပေါင်း ၆၆ ဦးတို့အား စစ်ဆေးပေးခဲ့ကြသည်။
သထုံမြို့နယ်တွင် အသည်းရောင်အသားဝါ(ဘီ)နှင်(စီ)ရောဂါပိုးရှိမရှိ အခမဲ့စစ်ဆေးပေးခြင်းကို ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့ပြီး ယနေ့အထိ ဒေသခံပြည်သူ စုစုပေါင်း ၃၀၀ ခန့်အား စစ်ဆေးပြီးဖြစ်ကြောင်း ပြည်သူ စုစုပေါင်း ၁၀၀၀ ဦးခန့်အား စစ်ဆေးပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
သတင်း - ကိုကိုဦး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment