မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် ပခုက္ကူမြို့ရှိ ဟိုတယ် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် ပခုက္ကူမြို့ရှိ ဟိုတယ် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

MNP - ဧပြီ   ၂၉

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ပခုက္ကူမြို့ရှိ ဟိုတယ် လုပ်ငန်းရှင်များနှင့် ယနေ့ မွန်းလွဲ ၁နာရီအချိန်က ပခုက္ကူမြို့၊ ဆောက်လုပ်ရေး ရိပ်သာခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံဆွေးနွေးရာတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က ပခုက္ကူမြို့အတွင်း လုပ်ငန်းများ ဖွင့်လှစ်ဆောင်ရွက် လျက်ရှိသည့် ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ဟိုတယ်များတွင် မသန်စွမ်းသူများ အတားအဆီးမဲ့ သွားလာနိုင်ရေးအတွက် Lodging  barrier များ ဖြစ်သည့် လှေကားထစ်များ၊ ထိုင်ခုံများ၊ Toilet များကို မသန်စွမ်းသူများ လွယ်ကူ အဆင်ပြေစွာ အသုံးပြုနိုင်စေရေး စေတနာထားပြီး ထည့်သွင်းပြင်ဆင် ဆောင်ရွက်ထားရှိကြရန်၊ ခရီးသွား ဧည့်သည်များ လာရောက် တည်းခိုနေထိုင်ပါက ကျန်းမားရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များဖြစ်သည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အစီအစဉ်များအတိုင်း လိုက်နာဆောင်ရွက်ထားရှိပြီး National Level အဆင့် အသိအမှတ်ပြု  Health and Safety Protocol လက်မှတ်များ အထူးအလေးထား ရယူသွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက စီစဉ်ဆောင်ရွက် ထားရှိသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာများသို့ ဧည့်သည်ဝင်ရောက်မှု၊ စီမံခန့်ခွဲမှု စနစ်စသည့် Hotel Guest List Management System ကိုလည်း လိုက်နာ ဆောင်ရွက်ကြရန်၊ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်နိုင်ရေး နိုင်ငံတစ်ဝန်းလုံးတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်များ ပြုလုပ်ထုတ်ပေး လျက်ရှိပြီး  မိမိတို့ဟိုတယ်၊ တည်းခိုရိပ်သာများသို့ လာရောက်တည်းခိုနေထိုင်ပါက နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သူကိုသာ လက်ခံတည်ခိုခွင့်ပြုကြရန်နှင့် လိုက်နာခြင်း မရှိကြောင်း တစ်စုံတစ်ရာ စစ်ဆေးပေါ်ပေါက်ပါက ဥပဒေကြောင်းအရ အရေးယူခြင်း ခံရနိုင်ဖြစ်ကြောင်း ရှင်းလင်း မှာကြားသည်။

ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထက် က Health and Safety Protocol National Level အသိအမှတ်ပြု လက်မှတ် လျှောက်ထားပုံအဆင့်နှင့် Hotel Guest List Management System အသုံးပြုပုံအဆင့်ဆင့်တို့ကို အသေးစိတ် ရှင်းလင်းပြောကြားရာ ဟိုတယ် လုပ်ငန်းရှင်များက သိရှိလိုသည်များ မေးမြန်းတင်ပြကြပြီး အပြန်အလှန် ဆွေးနွေး ကြသည်။

ယင်းနောက် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်အဖွဲ့သည် ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစန်းလွင်နှင့် အဖွဲ့ဝင်များနှင့်အတူ ပခုက္ကူမြို့၌ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် မသန်စွမ်းသူများ အတားအဆီးမဲ့ သွားလာနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဧည့်စာရင်းစနစ်တကျ မှတ်တမ်းတင်ရေးသွင်းထားမှု ရှိ/မရှိနှင့် စီမံခန့်ခွဲမှု အခြေအနေ တို့ကို ကွင်းဆင်းကြည်ရှု့စစ်ဆေးကြပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်း - ဆလိုင်းကိုကီး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)