MNP - ဧပြီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ထန်းပင်ကုန်းအုပ်စုအနီးရှိ သဇင်ဓာတ်ဆီဆိုင်တွင် ကျင်းပသည်။
ရှေးဦးစွာမြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်လွင်ဦးက စက်သုံးဆီလာရောက်ထည့်သူ ပြည်သူများနှင့်ဆိုင်ဝန်ထမ်းများအား မိမိတို့အိမ်အတွင်း ချက်ပြုတ်နေစဉ်ကာလ၌ ဆီမီးလောင်မှုဖြစ်ပွားလာပါက ဆောင်ရွက်ရမည့်အခြေအနေများ၊ မိမိတို့နေအိမ်အတွင်း တပ်ဆင်အသုံးပြုလျက်ရှိသည့် လျှပ်စစ်မီးကြိုးများဆိုင်ရာ သိကောင်းစရာများ၊ လျှပ်စစ်မီးမှတဆင့် မီးလောင်မှုဖြစ်ပွားလာပါက ဆောင်ရွက်ရမည့်အခြေအနေများ၊ ဂက်စ်အိုးဖြင့် ချက်ပြုတ်နေစဉ် ကာလအတွင်း သတိထားရမည့်အချက်များ၊ ရုံးမီးစက်အသုံးပြုမှုကို စနစ်တကျရှိစေရန်နှင့် လျှပ်စစ်မီးကို စနစ်တကျအသုံးပြုတတ်စေရန်၊ ဟောင်းနွမ်းနေသော ဝါယာကြိုးများ၊ မီးခလုတ်များအား၊ အသစ်လဲလှယ်အသုံးပြုရန်၊ လောင်စာဆီ သိုလှောင်မှုများအား စစ်ဆေးခြင်း၊ အမှိုက်များကို စနစ်တကျစွန့်ပစ်စေရန်၊ လျှပ်စစ်မီး၊ ဖယောင်းတိုင်မီးကို စနစ်တကျ ကိုင်တွယ်အသုံးပြုရန်၊ မီးသတ်ဆေးဗူးများနှင့် ကြိုတင်ကာကွယ်ထားရှိခြင်း၊ မီးသတိပေးဆိုင်းဘုတ်များအား ချိတ်ဆွဲခြင်း၊ မီးသတ်လှေကား၊ မီးသတ်ချိတ်များ၊ ရေအိတ်၊ သဲအိတ်များထားရှိခြင်းစသည့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး မီးငြှိမ်းသတ်မှု သရုပ်ပြခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှု သရုပ်ပြခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးအတွက် အသိပညာပေးခြင်းများကို အကြံပြုမှာကြားခဲ့ကြောင်း သိရသည်။
သတင်း - သန့်ဇော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment