မြောင်းမြမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောင်းမြမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

 


MNP -  ဧပြီ    ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် Clean City ၊ Smart City ဖြစ်လာစေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက်(၇)နာရီ၌ (၄)လမ်းထိပ်မှစ၍ (၁၀)လမ်းထိပ်အထိ ဦးဘချို လမ်းမကြီးတစ်လျှောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းခြင်းရေးကို မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ရဲတပ်ဖွဲ့ ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အခြားဌာနဆိုင်ရာ အသီးသီးမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ စုစုပေါင်း အင်အား (၁၈၀)ခန့်က လက်အိတ်များ၊ အမှိုက်အိတ် များဖြင့် လာမည့် ဧပြီလ(၁၇)ရက် နှစ်ဆန်း တစ်ရက်နေ့တွင် ကျင်းပရန်ရှိသည့် (၈၅)ကြိမ်မြောက် မြို့နယ်လုံး ဆိုင်ရာသံဃာ့ဒါန ဆွမ်းဆန်စိမ်း လောင်းလှူမည့် နေရာဝန်းကျင်လမ်းမကြီးပေါ်နှင့် လမ်းဘေးဝဲယာဝန်းကျင် တစ်လျှောက် အမှိုက်ကောက်ခြင်း၊ သန့်ရှင်းခြင်း၊ အမှိုက်များအား အမှိုက်ကားပေါ်သို့ စနစ်တကျ စွန့်ပစ်ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့က အမှိုက်သိမ်း ကားများဖြင့် အလှည့်ကျ လိုက်လံ သိမ်းဆည်းပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ခင်ရူပါအေ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)