MNP - ဧပြီ ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် (အ.ထ.က)ကျောင်းတွင် ၂၀၂၁-၂၀၂၂ ခုနှစ်၊ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သော စာရေးကိရိယာများအား အလွယ်တကူအသုံးပြုနိုင်ရန် အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ (အ.ထ.က)ကျောင်းရှေ့၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမဲ့ဖြန့်ဝေပေးရာတွင် လှိုင်းဘွဲမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ တက္ကသိုလ်စာမေးပွဲ ဝင်ရောက်ဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သည့် ဘောပင်၊ ခဲတံ၊ ခဲဖျက်၊ ပေတံ၊ ခဲတံချွန်ဓါးတို့ကို အလွယ်တကူ ရယူအသုံးပြုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထီလုံကျေးရွာ (အ.ထ.က)ကျောင်း စာစစ်ဌာန၌လည်း ကျောင်းသား၊ ကျောင်းသူများအတွက် ယခုလို စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တက္ကသိုလ်စာမေးပွဲ ဖြေဆိုပြီးသည့် နေ့ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လှိုင်းဘွဲမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ဦးလင်းခိုင်ထံမှ သိရှိရသည်။
သတင်း - စောဒိ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment