MNP - ဧပြီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့အတွင်းရှိ ဒေသခံတောင်သူအများစုတို့ စိုက်ပျိုး လုပ်ကိုင်ကြသည့် ဆောင်းသီးနှံနေကြာစိုက်ခင်းများ စတင်ရိတ်သိမ်းနေကြပြီဖြစ်သည်။
ခါမ်းပါတ်မြို့အတွင်းရှိ ဒေသခံတောင်သူအများစုအနေဖြင့် ဆောင်းသီးနှံများ စိုက်ပျိုးရာတွင် နေကြာကို အဓိကထားစိုက်ပျိုးကြပြီး အခြားသီးနှံများဖြစ်သည့် မုန်ညင်း၊ ပဲမျိုးစုံနှင့် စားဖိုဆောင်သီးနှံများကိုလည်းတနိုင်တပိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြကြောင်းလည်း သိရသည်။
ထိုသို့ ဆောင်းသီးနှံများစိုက်ပျိုးရာတွင်ကုန်ကျစရိတ်နည်းပြီးအကျိုး အမြတ်ပိုမိုဖြစ်ထွန်းသည့် နေကြာကို အဓိကထား စိုက်ပျိုးကြကြောင်းလည်းသိရသည်။
နေကြာရိတ်သိမ်းခအဖြစ် လုပ်သားတစ်ဦးလျှင် တစ်မနက်လျှင်(၃၀၀၀)ကျပ်ပေးရပြီး လက်ရှိ တွင်မူ နေကြာတစ်တင်းလျှင် (၂၂၅၀၀)ကျပ်ခန့် ဈေးရရှိနေကြောင်းလည်းသိရသည်။
ဒေသခံတို့အနေဖြင့် နေကြာမျိူးများရွေးချယ်ရာတွင် မိမိတို့ဒေသမျိုးများကို စနစ်တကျရွေးချယ် သိုမှီးထားကြသည်များရှိသလို မျိုးစေ့ထုပ်များကိုလည်း ဝယ်ယူစိုက်ပျိုးကြကြောင်းသိရသည်။
သတင်း - ဝိဇ္ဇာမောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment