လှိုင်သာယာအနောက်ပိုင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ဒေသနေပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်း ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်သာယာအနောက်ပိုင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ဒေသနေပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်း ကွင်းဆင်းဆောင်ရွက်



MNP - ဧပြီ    ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်စေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန်ရည်ရွယ်၍ အသက်(၁၈)နှစ်နှင့်အထက် ဒေသနေပြည်သူများ၊ အကြောင်း အမျိုးမျိုး ကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် တစ်ကြိမ်တစ်ခါမျှမထိုးရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံ ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်၊ ချစ်ကြည်ရေး လမ်းမူကြိုကျောင်းတွင် တစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေးထိုးနှံဆောင်ရွက်ခြင်းမရှိသေးသည့် ဒေသနေ ပြည်သူများတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လှိုင်သာယာအနောက်ပိုင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု တာဝန်ရှိ သူများက ကာကွယ်ဆေးထိုးရန် လာရောက် သည့် ပြည်သူများအား စာရင်းရေးသွင်းပေးခြင်း၊ မှတ်တမ်းကောက်ယူခြင်းတို့ကို ပူးပေါင်း ဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးဌာနမှဝန်ထမ်းများက သွေးပေါင်ချိန်တိုင်းပေးခြင်း၊ အပူချိန်တိုင်းပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

သတင်း - သိန်းသိန်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)