မြောင်းမြခရိုင်၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)သင်တန်း (၄/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြခရိုင်၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)သင်တန်း (၄/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ




MNP - ဧပြီ    ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)သင်တန်း (၄/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားကို မြောင်းမြမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမတွင် ယမန်နေ့ ညနေ ၆ နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် ကျန်းမာရေးစနစ်၏ အရေးကြီးတဲ့ ဒေါက်တိုင်တစ်ခုဖြစ်သည့် အရည်အချင်းပြည့်ဝသော ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ကို လိုအပ်ချက်နှင့်အညီ မွေးထုတ်ပေးနိုင်ရေးသည် အရေးကြီးကြောင်း၊ သင်တန်းပြီးမြောက်ပါက နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းဖြင့် ပြန်လည်အကျိုးပြုရမှာဖြစ်ကြောင်း၊ ကိုဗစ်−၁၉ ကပ်ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ ရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများမှာ ရှေ့တန်းမှ ကျရာတာဝန်ထမ်းဆောင်ပြီး စောင့်ရှောက်မှုများ ပေးနိုင်ခဲ့တာ ဂုဏ်ယူစရာဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူလူထုများပြားတဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)သင်တန်း (၄/၂၀၂၁)သင်တန်းဆင်း အောင်လက်မှတ်များကို မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းက ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသား/ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦး လက်ခံရယူခဲ့သည်။ ဆက်လက်ပြီး သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူ (၃)ဦးအား မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မောင်မောင်ငြိမ်းက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး၊ သင်တန်းသူ/ သင်တန်းသားများအတွက် ထောက်ပံ့ငွေကျပ် (၂၅ဝဝဝဝ)ကို မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ခရိုင် လ.ဝ.ကမှူး ဦးတင်မြိုင်က ပေးအပ်ခဲ့ရာ ဒုတိယခရိုင် ကျန်းမာရေးမှူး ဒေါက်တာစိုးသက်မှ လက်ခံရယူခဲ့သည်။ အဆိုပါ သင်တန်းတွင် မြောင်းမြမြို့နယ်မှ (၂၀)ဦး၊ ဝါးခယ်မမြို့နယ်မှ (၃)ဦး၊ အိမ်မဲမြို့နယ်မှ (၂)ဦး၊ လပွတ္တာမြို့နယ်မှ (၂၁)ဦး၊ မော်လမြိုင်ကျွန်းမြို့နယ်မှ (၈)ဦး၊ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၅၄)ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)