ညောင်တုန်းမြို့နယ်၌ လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်တုန်းမြို့နယ်၌ လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား



MNP - ဧပြီ  ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ တူးချောင်းကျေးရွာအုပ်စု၊ သူကြီးစုကျေးရွာတွင် ယမန်နေ့ မွန်းလွှဲ ၂နာရီ ၅၀မိနစ်အချိန်ခန့်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ သူကြီးစုကျေးရွာရှိ ဦးမောင်မောင်စိုး၏ နေအိမ်အပေါ်ထပ်တွင် လျှပ်စစ်ဟင်းအိုး (ဒယ်နီ)ဖြင့် ဟင်းချက်ရာမှ အပူလွန်ကဲ၍ အခင်းပျဉ်သို့မီးကူးဆက် လောင်ကျွမ်း ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းသူ ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲဝင်(၁၂)ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင်(၅)ဦးနှင့် ပြည်သူများ ဝိုင်း ဝန်းငြှိမ်း သတ်ခဲ့ရာမွန်းလွှဲ ၃နာရီ ၅မိနစ်အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့် ဦးမောင်မောင်စိုး၏နေအိမ် (၂၀x၄၀)ပေ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း လူနေအိမ်(၁)လုံးပျက်စီးဆုံးရှုံးခဲ့ပြီး  လူနှင့်တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း နှင့် မီးကိုပေါ့ဆစွာအသုံးပြုခဲ့သည့် ဦးဖြိုးငွေစိုးအား ညောင်တုန်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက် ထားကြောင်း မြို့နယ်မီးသတ်‌ဦးစီးဌာနမှ သိရသည်။

သတင်း - ထက်ဝေဖြို

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)