မဟာသင်္ကြန်အတက်နေ့တွင် မုဒုံမြို့၌ ပြည်သူများပျော်ရွှင်စွာ ရေပက်ကစားသူများနှင့် စတုဒီသာ ကျွေးမွေးသူများဖြင့်စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာသင်္ကြန်အတက်နေ့တွင် မုဒုံမြို့၌ ပြည်သူများပျော်ရွှင်စွာ ရေပက်ကစားသူများနှင့် စတုဒီသာ ကျွေးမွေးသူများဖြင့်စည်ကား



MNP - ဧပြီ    ၁၆

၁၃၈၃ ခုနှစ် မဟာသင်္ကြန်အတက်နေ့တွင် မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ရေကစားမဏ္ဍပ်ငယ်များ၌  အေးချမ်းပျော်ရွှင်စွာ ရေကစားကြသူ များ၊ စတုဒီသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိသည်။

နှစ်သစ်ကူးမဟာသင်္ကြန် အချိန်ကာလတွင် တန်ခိုးကြီးဘုရားစေတီများနှင့်  မြို့နယ်အ တွင်းရှိ ဘုန်းကြီးကျောင်းများ၌ ဥပုသ်သီတင်းသီလဆောက်တည်ကြသူများ တရား စခန်းများတွင်လည်း တရားဘာဝနာအားထုတ်ကြသူများ ရေကစား မဏ္ဍပ်ငယ်များတွင် အတာရေကစားကြသူများ၊ ရေပက်ခံထွက်သူများ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓ လေ့ထုံးတမ်းနှင့်အညီ အစဉ်အလာကောင်းများကို ထိန်းသိမ်းကာ အတာရေသဘင်ပွဲတော်ကို ပြည်သူများက အေးချမ်းပျော်ရွှင်စွာဆင်နွှဲ၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့၌ စတုဒီသာ (မုန့်လုံးရေပေါ်၊ သင်္ကြန်ထမင်း၊မုန့်လက်ဆောင်း) စသည့်တို့ကို ကျွေးမွေးဧည့်ခံ လှူဒါန်းခြင်းဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

သတင်း - အောင်မျိုးသူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)