MNP - ဧပြီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အမျိုးသမီးလူငယ်များအတွက် အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့သော ပန်းလက်မှုပညာသင်တန်းကို ဧပြီလ(၈)ရက်နေ့က ဖွင့်လှစ် သင်ကြားခြင်း ပြီးမြောက်ခဲ့သည်။
အဆိုပါ သင်တန်းကို နွေရာသီကျောင်းပိတ်ရက်တွင် အမျိုးသမီးလူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်နှင့် ပန်းလက်မှုပညာများကို သိရှိနားလည်၍ စိတ်ဝင်စားစွာ လုပ်ဆောင် တတ်စေရန် ရည်ရွယ်၍ ဧပြီလ(၄)ရက်နေ့မှ (၈)ရက်နေ့အထိ နံနက်(၁၀)နာရီမှ (၁၁)နာရီအထိ (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒေါ်ခိုင်ခိုင်ထွန်း (ရုပ်သံကျွမ်းကျင်-၃) က သင်ကြားပေးကာ အမျိုးသမီးလူငယ် (၁၅)ဦး တက်ရောက်ပညာသင်ယူခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment