ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ





MNP -  ဧပြီ   ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက်(၈)နာရီက နွေရာသီကျောင်းပိတ်ရက်များအတွင်း လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေး၊ အသိပညာ ဗဟုသုတပိုမိုရရှိစေရန် အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောရာတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အိုဇုန်းလွှာဆိုသည်မှာ၊ အိုဇုန်းလွှာပျက်စီးစေသော လူသုံးကုန်ပစ္စည်းများ၊ ခရမ်းလွန်ရောင်ခြည်တိုက် ရိုက်ထိတွေ့မှုမှ ရှောင်ရှားနိုင်ရန် လိုက်နာရမည့် အချက်များနှင့် ဦးစီးအရာရှိဒေါ်ခင်နှင်းရီက ခရမ်းရောင်ခြည်သည် ကမ္ဘာမြေသို့တိုက်ရိုက်ကျရောက်ပါက လူသားတို့  ပတ်ဝန်းကျင်အတွက် များစွာထိခိုက်လာနိုင်သောကြောင့် အိုဇုန်းလွှာကိုပူးပေါင်း ကာကွယ် စောင့်ရှောက်ကြရေး စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဒုတိယဦးစီးမှူးဒေါ်မြမြမွန်က အိုးဇုန်းလွှာပါးလာခြင်း(သို့မဟုတ်)ပေါက်ပျက်သွားခြင်းများ ဖြစ်ပေါ်ပြီးခရမ်းလွန်ရောင်ခြည်များ ကမ္ဘာမြေပြင်ပေါ်သို့ကျရောက်လာမည်ဆိုပါက လူသားတို့၏ ကျန်းမာရေးကဏ္ဍများတွင် အရေပြားကင်ဆာရောဂါ၊ ခုခံအားကျဆင်းမှုဖြစ်ခြင်း၊ မျက်စိတိမ်စွဲခြင်း၊ စိုက်ပျိုး ရေးကဏ္ဍတွင် သီးနှံပင်များ ကြီးထွားမှုကိုဟန့်တားစေခြင်း၊ ရာသီဥတုနှင့်ကုန်ပစ္စည်းများအပေါ်များစွာထိခိုက်နိုင်ကြောင်း အသိပညာပေးဟောပြောပြီး တက်ရောက်လာသူများအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သတင်း - တင်တင်ထွေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)