မိုးညှင်းမြို့၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်




MNP - ဧပြီ    ၉

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ နှစ်သစ်ကူး မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော်ကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီတို့၏ ကြီးကြပ်စီမံမှုဖြင့် မိုးညှင်းမြို့စုပေါင်းရုံးရှေ့၌ ဗဟိုမဏ္ဍပ်နှင့် စတုဒီသာမဏ္ဍပ်ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်လျက်ရှိပြီး အဆိုပါမဏ္ဍပ်တို့တွင် ယိမ်းအကအဖွဲ့များ၊ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အကအဖွဲ့များ၊ တေးသီချင်းများဖြင့် ဖျော်ဖြေရေးအစီအစဉ်များ၊ အခြားဖျော်ဖြေရေး အစီအစဉ်များဖြစ်သည့် ပျော်ပွဲရွှင်ပွဲများနှင့် ခရိုင်/မြို့နယ်ဦးစီးဌာနအလိုက် စတုဒီသာမုန့် ကျွေးမွေးဧည့်ခံခြင်း အစီအစဉ်များစသည်တို့ ပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် စုပေါင်းရုံး၌ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲများကို အစဉ်အလာမပျက် ကျင်းပဖြစ်ကြောင်း သင်္ကြန်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီတို့ထံမှ သိရသည်။

သတင်း - ဇွဲသူရအောင်

မြန်မာနေရှင်နယ်ပို့စ်



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)