ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပိုမိုလျင်မြန်လွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေခြင်းဆိုင်ရာ အစီအစဉ် Unboxing Investment Facilitation Toolkit 2022 ကို ရှင်းလင်းမိတ်ဆက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပိုမိုလျင်မြန်လွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေခြင်းဆိုင်ရာ အစီအစဉ် Unboxing Investment Facilitation Toolkit 2022 ကို ရှင်းလင်းမိတ်ဆက်


MNP - ဧပြီ    ၉

ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ပြည်နယ်အတွင်း စီးပွားရေး လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကဏ္ဍ ပိုမိုလျင်မြန်လွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး အစီအစဉ်များ Unboxing Investment Facilitation Toolkit 2022 မိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်သည် သဘာဝသယံဇာတ ပေါကြွယ်ဝပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖြင့် နိုင်ငံတော်ဘဏ္ဍာ၊ ပြည်နယ်ဘဏ္ဍာတိုးတက်မြင့်မား လာနိုင်သည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ယနေ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ပိုမိုလွယ်ကူ မြန်ဆန်စေရေးနှင့် တစ်နေရာတည်းတွင် အွန်လိုင်းဝန်ဆောင်မှုမှ တစ်ဆင့် မိမိတို့ ရင်းနှီးမြှုပ်နှံလုပ် ကိုင်လိုသည်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာမှုရှိစွာ၊ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာသိမ့်သိမ့်မိုးက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနက စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အသိုက်အဝန်း၏ ယုံကြည်အားထားရသည့် မိတ်ဖက်ကောင်း တစ်ရပ် ဖြစ်စေရေးအတွက် ရည်ရွယ်ချက်ထားရှိပြီး SMART Program ချမှတ်၍ ဦးတည်ချက်များ နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် လွယ်ကူချောမွေ့စေခြင်း ဆိုင်ရာ အစီအစဉ် Unboxing Investment Facilitation Toolkit 2022 ဝန်ဆောင်မှုလေးမျိုးနှင့် အသုံးပြုနည်းများကို လက်တွေ့အစီအစဉ်ဖြင့် မိတ်ဆက်ရှင်းလင်းသည်။

ထို့နောက် အခမ်းအနား တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ စီးပွားရေးအသင်းအဖွဲ့များမှ လုပ်ငန်းရှင်များက အစီအစဉ်နှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ပြည်နယ်ဦးစီးမှူး ဒေါက်တာသိမ့်သိမ့်မိုးက ပြန်လည် ရှင်းလင်းဆွေးနွေးပြီး လုပ်ငန်းရှင်တစ်ဦးက အစီအစဉ်နှင့် စပ်လျဉ်း၍ ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ယနေ့ မိတ်ဆက်ရှင်းလင်းသည့် ရင်းနှီးမြှုပ်နှံမှုနှင့် လွယ်ကူချောမွေ့စေခြင်းဆိုင်ရာ အစီအစဉ် Unboxing Investment Facilitation Toolkit 2022 တွင် အစီအစဉ် လေးမျိုးဖြစ်သည့် အီလက် ထရောနစ် တွေ့ဆုံဆွေးနွေးခြင်း ဝန်ဆောင်မှုစနစ် DICA Online Solution (DOSo)၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ တစ်နေရာတည်း အလုံးစုံဝန်ဆောင်မှုပေးသည့်အဖွဲ့ (One Stop Service) ၏ စံချိန်စံညွှန်းမီ လုပ်ထုံးလုပ်နည်းများ (Standard Operation Procedures)၊ Cost of Doing Business in Myanmar Survey Report 2022 နှင့် DICA Info Android Mobile Application တို့ဖြင့် ရှိရင်းစွဲ ရင်းနှီးမြှုပ်နှံသူများအပြင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသူ/ အလား အလာရှိသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းစဉ်များကို လွယ်ကူချောမွေ့စေပြီး ထိရောက် အကျိုးရှိသည့် ဝန်ဆောင်မှုများ ဖြစ်ကြောင်း အဆိုပါ အခမ်းအနားမှ သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)