MNP ၊ ဧပြီ ၁၂
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးအတွက် မြို့ပေါ်ရပ်ကွက်များအား ဧည့်စာရင်း စစ်ဆေးဆောင်ရွက်ခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ည၉နာရီက ပူးပေါင်းရေးအဖွဲ့မှ ရွာမရပ်ကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရွာမရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းရေးအဖွဲ့သည် ရွာမရပ်ကွက် မဟာမြိုင်လမ်းတွင် နေထိုင်သူအိမ်ထောင်စု(၁၅)စုမှ ကျား(၂၀)ဦး၊ မ(၁၉)ဦး၊ စုစုပေါင်း(၃၉)ဦးတို့အား ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ထူးခြားမှုတစ်စုံတရာ မရှိခဲ့ကြောင်း သတင်းရရှိသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment