Pages

Pages

မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထပ်မံထိုးနှံပေးလျက်ရှိ


MNP - ဧပြီ  ၁၂

 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊မိုးညိုမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၈း၃၀)အချိန်မှစ၍ မိုးညိုပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသည့်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းနှင့် ကိုဗစ် -၁၉ကာကွယ်ဆေးပထမအကြိမ်ထိုးနှံမည့်သူများနှင့် ဒုတိယအကြိမ်ထိုးနှံရမည့်သူများ အားဆက်လက်ထိုးနှံပေးလျက်ရှိပြီး  Booster Dose ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကိုယမန်‌‌နေ့နှင့် ယနေ့တို့တွင်ထိုးနှံပေးသွားမည်ဖြစ်သည်။

 အဆိုပါကိုဗစ်-၁၉ ကာကွယ်ဆေးမျာကို ဌာနဆိုင်ရာများ၊ပရဟိတအဖွဲ့များနှင့်ပြည်သူ များအား ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးနှံခြင်း လုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်းများ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက် များနှင့်အညီ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။ 

  မြို့နယ်ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့ပေါ်ရှိ မြို့နယ်ကျန်းမာရေးဦးစီးဌာနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာတို့တွင် လည်းကောင်း ၊အုပ်စုကျေးရွာများသို့ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

သတင်း - ကိုမင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment