စဉ့်ကူနယ်မြေ မီးသတ်တပ်ဖွဲ့ဝင်များ နေအိမ်ခြံစည်းရိုးပေါ် လဲကျနေသည့် ကုက္ကိုပင်အား ရှင်းလင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

စဉ့်ကူနယ်မြေ မီးသတ်တပ်ဖွဲ့ဝင်များ နေအိမ်ခြံစည်းရိုးပေါ် လဲကျနေသည့် ကုက္ကိုပင်အား ရှင်းလင်း



MNP - ဧပြီ   ၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေ ဈေးတန်းရပ်တွင် ဧပြီ ၂ရက်ရက်၊ နေ့ခင်း ၁နာရီအချိန်ခန့်က နှစ်သက်တမ်း ငါးဆယ်ခန်ရှိ ကုက္ကိုပင် လဲကျခဲ့ခြင်းကြောင့် စဉ့်ကူနယ်မြေ မီးသတ်စခန်းမှ တပ်ကြပ်ကြီးဇော်မင်းသိန်းနှင့် မီးသတ်ဝန်ထမ်းများ ရှင်းလင်း ခဲ့ကြောင်း သိရသည်။

အဆိုပါ ကုက္ကိုပင်လဲကျရာသို့ စဉ့်ကူနယ်မြေမီးသတ်စခန်းမှ တပ်ကြပ်ကြီး ဇော်မင်းသိန်းနှင့် မီးသတ်ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် အပင်ခြေရင်းကျိုးပဲ့ကျသည့် ကုက္ကိုပင်အား ဝိုင်းဝန်းရှင်းလင်းလျက်ရှိကြောင်း သိရသည်။ အဆိုပါကုက္ကိုသည် ပင်စည်လုံးပတ် ၁၀ပေပတ်လည်ခန့်၊ အမြင့် ပေ ၄၀ ခန့်ရှိပြီး နှစ်သက်တမ်း ၅၀ခန့်ရှိ ကုက္ကိုပင်ကြီး ဖြစ်ကြောင်း၊ ကုက္ကိုပင်လဲကျမှု ဖြစ်စဉ်ကြောင့် အဆောက်အဦ၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်မှု တစုံတစ်ရာ မရှိကြောင်း သိရပြီး မီးသတ်တပ်ကြပ်ကြီး ဇော်မျိုးသိန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် (၆)ဦး၊ အထောက်အကူပြုယာဉ်(၁)စီး၊ အရန်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်(၃)ဦးတို့ဖြင့် အခေါင်းပေါက် ဖြစ်ကာ အပင်ခြေရင်းမှ လဲကျနေသည့် ကုက္ကိုပင်အား ရှင်းလင်းခဲ့ကြောင်း သိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)