ငပုတောမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေမှု ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ငပုတောမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေမှု ကြည့်ရှုစစ်ဆေး



 MNP - ဧပြီ    ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ဖြိုးသူရကျော်၊ အဖွဲ့ဝင်(၂)ဦးသန်းဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးမြင့်ရွှေတို့နှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက မြန်မာ့ရိုးယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၏ ဆောင်ရွက်ထားရှိမှုအခြေအနေကို မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ အမှုဆောင်အရာရှိ ဦးမောင်မောင်နိုင်က ရေပန်းများတပ်ဆင်ထားမှု၊ ရေကစားမဏ္ဍပ်၊ ဧည့်သည်တော်များကြည့်ရှုရန် နေရာနှင့် ရေပက်ခံကားများ ဖြတ်သန်းသွား လာမည့်နေရာ စသည်တို့ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက သင်္ကြန်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မြန်မာ့ရိုးရယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ပြည်သူများကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်း‌မြေ့စွာဖြင့် စိတ်ပျော်ရွှင်မှုရစေရန် လိုအပ်ပါကြောင်းနှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်း - နုနုရီ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)